နိုဝင်ဘာ။၂၅ ရက်(တနင်္ဂနွေနေ)
။ နိုဝင်ဘာ ၈ ရက်နေ့ က ကုလသမဂွ အထွေထွေအတွင်းရေးမှူးချုပ် ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်ဘာရီမှတဆင့် စင်္ကာပူနိုင်ငံတွင်ပြန်လည်ကြေငြာခဲ့သော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သဘော ထားထုတ်ပြန်ကြေငြာချက်ကို ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးများနှင့် တိုင်းရင်းသားညီအကိုမောင်နှမများမှ အပြည့်အ၀ထောက်ခံကြောင်း ပြသသည့်အနေဖြင့် နိုဝင်ဘာ ၂၅ ရက်(တနင်္ဂနွေနေ့ )နေ့ လယ် ၃း၀၀ နာရီတိတိမှ ၅း၀၀ နာရီအထိ အိခဲဘုခုရို အဲကိုတိုရှီမား ပလာဆာ ၈ ထပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်၊ အခမ်းအနားကို အလေးပြုခြင်း ၃ ရပ်နှင့်စတင်ခဲ့ပြီး သဘာပတိအဖွဲ့ ဝင်ဖြစ်သူ ချင်းတိုင်းရင်းသား ဂိုခန်းလျံမှ အဖွင့်အမှာ စကားပြောကြားပေးခဲ့ကာ။ ကိုသန်းဆွေ(မြေနီကုန်း)မှ ကျင်းပရခြင်းရည်ရွယ်ချက် ကို ပြောကြားပေးခဲ့ပါတယ်၊ ထို့ နောက် ပြည်တွင်းအန်အယ်လ်ဒီပါတီရုံးတံဆိပ်ဖြင့် ဖြန့် ချိ ထုတ်ဝေထားသော ဒေါ်အောင်ဆန်းစုကြည်. သဘောထား ကြေငြာချက်မူရင်းကို မြောင်းမြအန်အယ်လ်ဒီစည်းရုံးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မခင်ခင်မိုးမှ ဖတ်ကြားပေးခဲ့ပါတယ်၊ ဆက်လက်၍ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီရေးလုပ်ဆောင်နေကြသည့် အဖွဲ့ အစည်း အသီးသီး။ တိုင်းရင်းသားအ ဖွဲ့ အစည်းအသီးသီးမှ ဒေါ်အောင်ဆန်းစုကြည်သဘောထားကြေငြာချက်နှင့်ပတ်သက်၍ထောက် ခံကြောင်းပြသသည့်အနေဖြင့် မိမိတို့ အဖွဲ့ အစည်း သဘောထားထုတ်ပြန်ချက်များကို ဖတ်ကြားတင်သွင်းခြင်းများ ပြုလုပ်ခဲ့ကြသလို။ တသီးပုဂွလိကများမှလည်း ထောက်ခံကြောင်းပြသသည့်အနေဖြင့် မိမိတို့  ခံယူချက်သဘောထားများကိုပြောကြားခဲ့ကြပါတယ်၊ အခမ်းအနားကို ကြွေးကြော်သံများဖြင့်ရုပ်သိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် စပ်ဆိုထားသည့် ပေါလ်မက်ကနေ၏ Freedom သီချင်းကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရားထိန်းသိမ်းခံနေရသူ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ နဲ့  မြန်မာပြည်စစ်အာဏာရှင်လက်အောက်မှ အမြန်ဆုံး လွတ်မြောက်ဖို့  ရည်ရွယ်ပြီး ၀ိုင်းဝန်းသီဆိုသွားခဲ့ကြပြီး၊ ဒ်ါအောင်ဆန်းစုကြည်. သဘောထားကြေငြာချက်ထောက်ခံပွဲ သို့ လူ ၁၅၀ ကျော်တက်ရောက်သွားခဲ့ကြပါတယ်။
Type the rest of your post here.
No comments:
Post a Comment