၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင်အကြို ပွဲ ကျင်းပပြုလုပ်
၂၀၀၇ခုနှစ်၊ဒီဇင်ဘာလ ၂ရက်
ကျော်ကျော်နိုင်
၂၀၀၇ခုနှစ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ဟာ မြန်မာ့သမိုင်းမှာ အထင်အရှားဖြစ်စေခဲ့တဲ့ အမျိုးသားနေ့  ဖြစ်ပါတယ်၊ မြန်မာသက္ကရာဇ်(၁၂၈၂)ခုနှစ်။ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်။ (၁၉၂၀)ပြည့်နှစ်။ဒီဇင်ဘာလ(၅)ရက်နေ့ မှာ ရန်ကုန် ကျောင်းသားတွေကစတင်ခဲ့တဲ့ ပထမကျောင်းသားသပိတ်စတင်ခဲ့တဲ့ နေ့ ကိုအစွဲပြုလို့ အမျိုးသားနေ့ အဖြစ် သတ်မှတ်ပြီး နှစ်စဉ်အမျိုးသားအောင်ပွဲနေ့ တွေကို ပြည်တွင်းမှာကျင်းပခဲ့ကြပေမယ့် နအဖစစ်အာဏာရှင်တွေလက်ထက်မှာတော့ သမိုင်းဖြစ်ရပ်မှန်တွေကို ဖျောက်ဖျက်ပစ်နေတာမို့ ဘာအထိမ်းအမှတ်ပွဲတွေကိုမှ လွတ်လပ်စွာကျင်းပခွင့်မရရှိခဲ့ကြပါဘူး၊ ပြည်ပရောက်မြန်မာလူမျိုးတွေကတော့ မိမိတို့ ရောက်ရှိနေတဲ့ နိုင်ငံအသီးသီးမှာ လွပ်လပ်စွာကျင်းပပြုလုပ်ခွင့်ရရှိနေတဲ့အတွက် သမိုင်းဖြစ်ရပ်မှန်တွေကို ထိမ်းသိမ်းရာရောက်သလို မျိုးဆက်သစ်တွေကိုပါ သမိုင်းအမွေကို လက်ဆင့်ကမ်းရာရောက်ရှိစေပါတယ်၊
ဂျပန်နိုင်ငံမှာတော့ ၈၇ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ နှင့် နှစ်(၆၀)မြောက်လွတ်လပ်ရေးနေ့  စိန်ရတုသဘင်အကြို ပွဲ ကို ဒီဇင်ဘာလ(၂) ရက်(တနင်္ဂနွေနေ )ကတိုကျိုမြို့ ။ အိခဲဘုကုရို တိုးရှိးမားကုမင်းစင်တာ အဆောက်အဦး ခြောက်ထပ်မှာ ညနေ၅နာရီမှ ည၉နာရီအထိ စည်ကားစွာ ကျင်းပပြုလုပ်သွားခဲ့ကြပါတယ်၊ အဲဒီပွဲကို ဦးစီးကျင်းပပြုလုပ်ခဲ့တာကတော့ ဂျပန်နိုင်ငံက သစ္စာတော်လှန်ရေးစာပေမဂွဇင်းကို ထုတ်ဝေနေတဲ့ သစ္စာအင်အားစုက ဖြစ်ပြီး။ အမေရိကားမှ ရောက်ရှိနေထိုင်နေတဲ့ ဆရာအောင်စောဦးကိုယ်တိုင် တက်ရောက် ပါဝင်သွားတာကိုတွေ့ ရပါတယ်၊ ဆရာအောင်စောဦး က အမျိုးသားနေ့ ဖြစ်ပေါ် လာပုံသမိုင်းအကျဉ်းကို ဟောပြောခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး အဲဒီနောက်မှာတော့ အမျိုးသားနေ့ ရယ်လို့ ဖြစ်ပေါ်လာစေမယ့် သမိုင်းပြဇတ်ကို သရုပ်ဖော်တင်ဆက်ခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့  မင်းတုန်းဘုရင်တို့ ရဲ့  စကားစစ်ထိုးခန်းအစီအစဉ်။ ၁၉၆၂ခုနှစ် ဦးနေ၀င်းအာဏာသိမ်းရာမှ မြန်မာပြည် ဒုက္ခပင်လယ်ဝေခဲ့ရပုံ။ နအဖစစ်အာဏာရှူး။ဘုရင်ရှူး ဗိုလ်သန်းရွေနှင့် ဒေါ်ကြိုင်ကြိုင်တို့ အား သရော်ထားသည့် ပြကွက်များနှင့်တွဲပြီး တေးသံချပ်များထိုး၍ ယနေ့ မျက်မှောက်ခေတ်မြန်မာပြည် အခြေအနေများကိုပါ မင်္ဂလာဒိုး မြန်မာ့ရိုးရာယဉ်ကျေးမှုအဖွဲ့ ဖြင့်တွဲဘက်၍ ဖျော်ဖြေသရုပ်ပြတင်ဆက်သွားခဲ့ပြီး သစ္စာအင်အားစုရဲ့  ဂျပန်တာဝန်ခံတဦးဖြစ်တဲ့ ဦးကျော်ကျော်နိုင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ပါတယ်၊သရုပ်ဖော်တင်ဆက်သွားခဲ့တဲ့ ပြဇတ်အားလုံးကို ဆရာအောင်စေဦးက ဦးစီးစီစဉ်ခဲ့တာလို့ သိရပြီး
အဲဒီပွဲကို ဂျပန်မြန်မာပရိတ်သတ် ၂၀၀ကျော်တက်ရောက်အားပေးခဲ့ကြပြီး တက်ရောက်လာသူတွေကို သစ္စာအင်အားစုက နိုဝင်ဘာလထုတ် သစ္စာတော်လှန်ရေးစာပေမဂွဇင်း။ ၈၇ကြိမ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ် ရင်ထိုး။ အလံပုံ။လက်ကိုင်ပ၀ါနှင့် တို့ ဗမာအစည်းအရုံးသမိုင်းပထမတွဲ စာအုပ်အဖုံးတွေကို အခမဲ့ ဖြန့့် ဝေပေးခဲ့ပါတယ်၊
read more
No comments:
Post a Comment