နိုင်ငံတကာ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ်အဖြစ် ဂျပန်တွင် ချီတက်ဆန္ဒပြ
၂၀၀၇ခုနှစ်။ ဒီဇင်ဘာ။ ၉ရက်
ဒီဇင်ဘာ၁၀ရက်နေ့ မှာကျရောက်တဲ့ နိုင်ငံတကာ လူ့ အခွင့်အရေးနေ့  အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံရောက် မြန်မာလူမျိုးများနှင့် အာရှနိုင်ငံသားများ ပူးပေါင်းချီတက်ဆန္ဒပြပွဲကို ဒီဇင်ဘာ( ၉ )ရက်(တနင်္ဂနွေနေ့ )က အဲဘီစုပန်းခြံမှ နေ့ လယ် ၁း၃၀နာရီတွင် စတင်ထွက်ခွာကာ ရှီဘုယရပ်ကွက်ရှိ လူစည်ကားရာလမ်းမတလျောက်ချီတက်ခဲ့ကြပြီး ကမ္ဘာ့ကုလသမဂ္ပရုံးခွဲ(ဂျပန်)ရှေ့ သို့ ဖြတ်သန်း၍ လူ့ အခွင့်အရေးကို အာရှနိုင်ငံများလည်း လေးစားဘို့ ။ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေကျဆုံးပါစေ။ အာဆီယံနိုင်ငံများလည်း နိုင်ငံတကာလူ့ အခွင့်အရေးကို လိုက်နာကြဘို့ ။လွတ်လပ်မှုနဲ့  လူ့ အခွင့်အရေး ကိစ္စတွေကို အလေးပေးဆောင်ရွက်ပေးဘို့ တွေကို အင်္ဂလိပ်။မြန်မာနှစ်ဘာသာနဲ့  တောင်း ဆို ကြွေးကျော်ခဲ့ကြခဲ့ပြီး ဂျပန် Amnestry internationl အဖွဲ့မှ ဂျပန်လူမျိုးများ၊ အပါအ၀င် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှား သူများ။မြန်မာတိုင်းရင်းသားများ၊ ဖိလစ်ပိုင်၊ လော၊ အင်ဒိုနီးရှား။တခြားနိုင်ငံခြားသားများ ရာနှင့်ချီ၍ ပါဝင်ခဲ့ကြောင်းသိရှိရပါသည်၊
ဓာတ်ပုံး မောင်ရှင်
သတင်း ကျော်ကျော်နိုင်
0 comments:
Post a Comment